ကလေးမြို့မှာ သေနတ်သံနဲ့ဗုံးသံတွေကြောင့် မီးဖွားပြီးခါစ အမျိုးသမီးတစ်ဦး သေဆုံး
2021.05.11
စစ်ကိုင်းတိုင်း ကလေးမြို့မှာ မေ ၁၀ ရက်နေ့ မနေညက သေနတ်သံနဲ့ဗုံးသံကြောင့် မီးဖွားပြီးခါစ အသက် ၄၁ နှစ်အရွယ် ဒေါ်ဇာခြည်ဦး ဆိုသူ သေဆုံးသွားတယ်လို့ သူ့ခင်ပွန်းဖြစ်သူက ပြောပါတယ်။
ပစ်ခတ်တဲ့အသံတွေ ကြားရတဲ့နေရာတွေကတော့ ကလေးမြို့ဆေးရုံအနီးတဝိုက်နဲ့ ကလေး-ကလေးဝ လမ်းမ နေရာတွေမှာဖြစ်ပြီး သူတို့အိမ်ဟာ ဆေးရုံအရှေ့ဘက်က မင်္ဂလာဥယျာဉ် ရပ်ကွက်ထဲမှာ နေထိုင်ကြလို့ ပစ်ခတ်ပေါက်ကွဲသံတွေ ကြားနေရတာလို့ ပြောပါတယ်။
ဒေါ်ဇာခြည်ဦးဟာ မီးဖွားပြီးတာ တစ်လနဲ့ ၈ ရက်သာရှိသေးပြီး မူလနှလုံးရောဂါအခံရှိသူလည်း ဖြစ်တယ်လို့ ခင်ပွန်းဖြစ်သူက ပြောပါတယ်။
တစ်လသားအရွယ် ကလေးတစ်ယောက်ကျန်ရစ်ပြီး သူ့ရဲနာရေးကို ပြင်သာသုသာန်ကို မြေမြှုပ်သင်္ဂြိုဟ်မယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။









