အောင်စိန် ချည်မျှင်နှင့် ဆေးဆိုးစက်ရုံ အလုပ်သမားဆန္ဒပြ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ရတနာပုံ တက္ကသိုလ် လမ်းပေါ်မှာရှိတဲ့ အောင်စိန် ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံမှာ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းမှုကြောင့် အလုပ်ထုတ်ခံရတဲ့ အလုပ်သမား (၁၀) ဦးကို ပြန်ခန့်ပေးဖို့ အမျိုးသမီး အလုပ်သမား ၁၀၀ ကျော်လောက် မနေ့ညက စက်ရုံတွင်းမှာ အလုပ်မလုပ်ဘဲ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
2012-08-01
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အောင်စိန်ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံတွင် အမျိုးသမီး အလုပ်သမား ၁၀၀ ကျော် စက်ရုံတွင်း ဆန္ဒပြနေစဉ်။
အောင်စိန်ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံတွင် အမျိုးသမီး အလုပ်သမား ၁၀၀ ကျော် စက်ရုံတွင်း ဆန္ဒပြနေစဉ်။
RFA

အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေ၊ မန္တလေးတိုင်း ဒေသကြီး လယ်ယာ၊ သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးသန်းစိုးမြင့်တို့ ပါဝင် ဆွေးနွေး ညှိနှိုင်းကြပေမယ့် အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို အလုပ်ရှင်ဘက်က မလိုက်လျောဘူးလို့ အလုပ်သမား တစ်ဦးက RFA ကို ပြောပါတယ်။

"စက်ရုံတွင်း ဆန္ဒထုတ်ဖော်တဲ့ ဒီ အလုပ်သမားထုနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခါကျတော့ သူဋ္ဌေးကနေပြီးတော့ သူအလုပ်ထုတ်ထားတဲ့ အလုပ်သမား ၁၀ ဦးကို စက်ရုံတွင်း ပြန်မခန့်နိုင်ဘူး။ သူဋ္ဌေးက ကြွေးကြော်လိုက်တယ်"

အောင်စိန် ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းလို့ဆိုပြီး ကိုဇော်မြတ်သူ၊ ကိုသက်နှင်းအောင်၊ ကိုမျိုးဇော်သူ၊ ကိုသန်းထွန်းလင်း၊ ကိုမျိုးကိုကိုတို့ အပါအဝင် အလုပ်သမား (၁၀)ယောက်ကို ပြီးခဲ့တဲ့ ဇွန်လ(၁၃) ရက် နေ့က အလုပ်ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။

အလုပ်သမားအဖွဲ့ ဖွဲ့စည်းလို့ အလုပ်ထုတ်လိုက်သူတွေ ပြန်ခန့်ပေးဖို့၊ ဖိနှိပ်ချုပ်ချယ်ခြင်း မလုပ်ဖို့၊ ယခင်ဆန္ဒပြစဉ်က သဘောတူထားတာတွေ လိုက်နာပေးဖို့နဲ့ ရက်မှန်ကြေး ကျပ် ၅၀၀၀ ပြန်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ကွန်မင့်များ (1)
Share

သူဇော်

နရေပျ- ရွှေပြည်သာ

အောင်စိန် စက်ရုံကအလုပ်သမား၁၀ ဦးအတွက်ကတော့ သူတွေ တွေကိုခုံသမာဓိကောင်စီကအယူခံရက်ကျော်တဲ့အတွက် ပလပ်လိုက်တယ်လို့သိရတယ်။သူတို့က သီးခြားသက်သာခွင့်လျှောက်ထားပြီး ရှေ့တော်သွင်းစာချွန်တော်လျှောက်ရင် ပိုသင့်မယ် ဒါမှမန္တလေးတိုင်း ခုံသမာဓိနဲ့အလုပ်သမားဝန်ကြီး ဌာနကို တရားရုံးရှေ့ခေါ်ပြီး စစ်ဆေးခွင့်ရမယ် သူတို့အတွက်ရော အလုပ်သမားအားလုံးအတွက် ကောင်းမွန်သောလုပ်ရပ်ဖြစ်ပါလိမ့်မယ်

Aug 16, 2012 07:40 AM

ဆိုက်တခုလုံးသို့