ထိုင်းက မြန်မာအလုပ်သမားကိစ္စ သံရုံးကို အကူအညီတောင်းမည်

2015-03-03
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ထိုင်းနိုင်ငံ စူဖန်ဘူရီမြို့နယ်က F & F ကြက်သားစက်ရုံမှာ မြန်မာအလုပ်သမား တွေထံက အလုပ်ရှင်က တစ်လ ဘတ်ငွေ ၄၀၀ ဖြတ်တောက်နေတာကြောင့် အလုပ်သမား ၇၀၀ ခန့် က ကန့်ကွက်ဆန္ဒပြနေကြတာ သီတင်းတစ်ပတ် ရှိနေပါတယ်။

အလုပ်သမားတွေ အလုပ်မထွက်အောင် လုပ်ခတွေ ဖြတ်တောက်နေတာလို့ သိရပါတယ်။

ဆန္ဒပြအလုပ်သမားတွေက အလုပ်ရှင်၊ ထိုင်းနယ်မြေခံရဲတွေ နဲ့မနေ့က ညှိနှိုင်းခဲ့ရာမှာ ပြေလည်မှုမရတဲ့ အတွက် ဘန်ကောက်က မြန်မာသံရုံးထံ အကူအညီတောင်းဖို့ ပြင်ဆင်နေတယ်လို့ အလုပ်သမားတွေကို အကူအညီပေးနေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့အတွင်းရေးမှုး ဦးခိုင်ကြီး က ပြောပါတယ်။

"အလုပ်သမားတွေက အာမခံတစ်ယောက်ကို ၃၀၀၀ ဖြတ်တာကို မကျေနပ်လို့ ဆန္ဒပြတာ၊ သူတို့ဘက်က လုံးဝမလျှော့ပေးနိုင်ဘူး၊ အလုပ်သမားတွေက ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်တော့ သူတို့ကဒီကိစ္စကို မလျှော့ပေးနိုင်ဘူးဆိုပြီး သူတို့က တင်းထားတာ၊ ကျနောတို့ကထွက်မယ်ဆိုရင် ဒီငွေကို ချက်ချင်း ရမလားမေးတော့ တစ်လ စောင့်ရမယ်လို့ပြောတယ်၊ ချက်ချင်းပြန်မယ်ဆိုရင် ဒီငွေ ၃၀၀၀ ကျော်ကျန်ခဲ့ပြီ၊ လူတစ်ယောက်ကို ၃၀၀၀ အာမခံကြေး ဆိုတာ  မရှိသင့်ဘူးလို့ သံအမတ်ကြီးကို တင်ပြမယ်၊ သံရုံးထိ တင်ပြမယ်"

အဲဒီစက်ရုံမှာ မြန်မာအလုပ်သမားတစ်ဦး လုပ်ခလစာ တစ်လ ဘတ်ငွေ ၉၀၀၀ ရရှိပါတယ်။ အဲဒီလစာထဲက  တစ်လ ဘတ် ၄၀၀ ဖြတ်တောက်နေတာဖြစ်ပါတယ်။

စက်ရုံမှာ မြန်မာအလုပ်သမား တစ်ထောင်ဝန်းကျင်ရှိပြီး ၇၀၀ ခန့်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဆန္ဒပြနေ တာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့