ရေနံချောင်းမှာ အလုပ်သမား အရေး ဆွေးနွေး


2015.12.26

ရေနံမြေအလုပ်သမားတွေရဲ့ဆုံးရှုံးနစ်နာမှုတွေနဲ့ ပတ်သက်တဲ့ဆွေးနွေးပွဲတစ်ခုကို ရေနံချောင်းမြို့မှာ ဒီဇင်ဘာလ ၂၆ နဲ့ ၂၇ ရက်၊ နှစ်ရက်တာပြုလုပ်နေပါတယ်။

ရေနံတွင်းအလုပ်သမားတွေမှာနှစ်ရည်လုပ်ကိုင်နေရပေမယ့် အမြဲတမ်းဝန်ထမ်း အဖြစ်ခန့်အပ်မခံရပဲ နေ့စားလရှင်းဝန် ထမ်းအဖြစ်နဲ့ပဲလုပ်နေရလို့ အလုပ်သမား အခွင့်အရေးနဲ့ ခံစားခွင့်တွေဆုံးရှုံးနေတဲ့အကြောင်း ပြောဆိုဆွေးနွေးကြတယ် လို့ အလုပ်သမားပဋိပက္ခဖြေရှင်းရေးအလုပ်သမား ကိုယ်စားလှယ်တစ်ဦးလဲဖြစ်၊ CCTU အဖွဲ့ခေါင်းဆောင်တစ်ဦးလဲဖြစ် တဲ့ ကိုရဲနိုင်ဝင်းက RFA ကို ပြောပါတယ်။

"နေ့စားတွေခန့်ထားတယ်၊ ဒါပေမယ့် ၃ လပြည့်ရင် ၁ ရက်နားတယ်၊ နောက်တော့ ပြန်တက်ရတယ်၊ အဲ့လိုမျိုးနှစ်နဲ့ချီပြီး အလုပ်သမားတွေကိုလုပ်ထားတယ်၊ တရားဝင် ဖြစ်မသွားဘူး၊ တချို့ဆိုပင်စင်ယူရတော့မယ်၊ အရွယ်ရောက်လာပြီ၊ ဒါပေမယ့်သူတို့ ပင်စင်ခံစားခွင့်မရဘူး၊ တရားဝင်အလုပ်သမားလဲမဖြစ်ဘူး၊ ဒါတွေကအလုပ်သမားတွေ နစ်နာချက်ဖြစ်တဲ့အတွက် အဲ့ကိစ္စကိုအဓိကထား ဆွေးနွေးမယ်"

ဒါ့အပြင် အလုပ်သမားအဖွဲ့တွေစုစည်းပြီး၊ သမဂ္ဂအဖွဲ့ချုပ်တစ်ခုပေါ်ပေါက်လာဖို့နဲ့ အလုပ်သမားတွေအတွက် ကောင်းမွန် သင့်တော်တဲ့မူဝါဒတစ်ရပ်ပေါ်ပေါက် လာရေးကို နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားကြဖို့ အကြောင်းလဲဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲကို ရန်ကုန်မြို့အခြေစိုက် အလုပ်သမားသမဂ္ဂများ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ CCTU က ကမကထပြုလုပ်ပြီး၊ ဒေသခံအလုပ်သမား အဖွဲ့တွေရဲ့ကိုယ်စားလှယ်တွေအယောက် ၄၀ လောက် တက်ရောက်နေ ကြပါတယ်။

အဲဒီဆွေးနွေးပွဲအကြောင်းနဲ့ ပတ်သက်လို့ အလုပ်သမား ပဋိပက္ခဖြေရှင်းရေး အလုပ်သမားကိုယ်စားလှယ်တစ်ဦးလဲဖြစ်၊ CCTU အဖွဲ့ခေါင်းဆောင်တစ်ဦး လဲဖြစ်တဲ့ ကိုရဲနိုင်ဝင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထား တာ နားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။