ရခိုင်ပြည်နယ်က လူ့အခွင့်အရေးအခြေအနေတွေကိုလေ့လာဖို့အတွက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yang Hee Lee ဟာ လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို လာရောက်မှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
Ms. Yang Hee Lee ဟာ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်က မွတ်စလင်ဘာသာရေး ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံမှာဖြစ် သလို မွတ်စလင်ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်လေ့လာမှာဖြစ်တယ်လို့ သိရပါတယ်။
သူ့ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်ဟာ တစ်ညအိပ်ခရီးကြာမြင့်မှာဖြစ်ပြီး စစ်တွေမြို့နယ်အပြင် တခြားဘယ်မြို့နယ်တွေကို သွားရောက်မယ်ဆိုတာ အသေးစိတ်မသိရသေးဘူးလို့ အမည်မဖော်လိုတဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ပြောပါတယ်။
