ရန်ကုန်မှာ တစ်လ ကျပ်သုံးသောင်းနှုန်း အငှား အိမ်ခန်းများ လျှောက်ထားနိုင်ပြီ


2016.01.30
ygn-building-620.jpg ရန်ကုန်တိုင်းဒေသကြီးအတွင်းက အိမ်ယာစီမံကိန်းတစ်ခုကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်းဒေသကြီးမှာ နေထိုင်ပြီး အိုးပိုင်၊ အိမ်ပိုင်မရှိသူတွေအတွက် အိမ်ခန်းပေါင်း ၁၂ဝဝ ကို တစ်လကို ကျပ် သုံးသောင်းနှုန်းနဲ့ ငှားရန်းနေထိုင်နိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မှာ လျှောက်ထားနိုင်ပြီလို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မဟာဗန္ဓုလအိမ်ရာမှာ တိုက်ခန်းပေါင်း ၁၂ဝဝ အတွက် နေရာချထားပေးမှဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရဖွဲ့ဝင် သစ်တောနဲ့စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောပါတယ်။

"အိမ်ပိုင်အိုးပိုင် မရှိသေးတဲ့လူတွေရဲ့ ကိုယ်တိုင်ဝန်ခံချက်ရယ်၊ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်နဲ့ ကျနော်တို့ဆီမှာ လျှောက်ထားရမှာပါ၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ လျှောက်ထားလို့ရပါတယ်"

အငှားအိမ်ရာလျှောက်လွှာတွေကို လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့က စပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးမှာ လျှောက်လွှာတွေကို လက်ခံမှာ ဖြစ်ပါတယ်။

ငှားရန်းနေထိုင်ခွင့်ရသူတွေအနေနဲ့  လချုပ်၊ နှစ်ချုပ် စနစ်ပုံစံမျိုး ငွေတလုံးတခဲတည်း ပေးသွင်းရမှာမဟုတ်ဘဲ တစ်လ သုံးသောင်းကျပ် လစဉ် ပေးဆောင်ရမှာဖြစ်ပါတယ်။

ငှားရန်းခွင့်ပြုမယ့် အခန်းပေါင်း ၁၂ဝဝ အတွက် မဲစနစ်နဲ့ ရွေးချယ်သွားမယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးက သိရပါတယ်။

အငှားအိမ်ရာအခန်းတွေကို လျှောက်ထားမယ့်သူတွေဟာ အိမ်ပိုင်၊ အိမ်ပိုင်မရှိကြောင်း ကိုယ်တိုင်ဝန်ခံချက်နဲ့ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်နဲ့ လျှောက်ထားရမှာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သစ်တောနဲ့ စွမ်းအင်ဝန်ကြီး ဦးကျော်စိုးကို RFA သတင်းထောက် ကိုဘုန်းမြတ် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။