ဩဂုတ်လ ၁၀ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုမှာ တောင်ဘိုရွာက အသက် ခုနစ်ဆယ်ကျော် အရွယ် ဒေသခံနှစ်ဦး နေရာမှာတင် သေဆုံးခဲ့။
အဲဒီစစ်ကြောင်းတွေဟာ ယာကြီးပြင်၊ တောင်စုံ၊ မှန်ရင်း စတဲ့ကျေးရွာတွေမှာ ရောက်ရှိနေဟုဆို။
စစ်ကိုင်းရေဘေးကို စစ်တပ်ခန့်အစိုးရလက်အောက်ခံအဖွဲ့တွေရဲ့ ကူညီကယ်ဆယ်ရေးတွေ ရောက်တာ မတွေ့ရသေးပါဘူး။
ခင်ဦးမြို့နယ်မှာ ရေကြီးတဲ့အတွက် ဩဂုတ် ၁၁ ရက်အထိ လူတစ်ဦး သေဆုံးထားသလို လူဦးရေ ၃၃,၉၄၀ ဦး ရေဘေးသင့်နေ။
အညာမှာ ရေဘေးသင့်ပြည်သူတွေဟာ သဘာဝဘေးအန္တရာယ်အပြင် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကိုလည်း ရင်ဆိုင်နေရ။
စစ်ရှောင်တဲတွေအနီးကို ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် ၃၀ ကျော်အရွယ် စစ်ဘေးဒုက္ခသည် နှစ်ဦး သေဆုံး။
ဒဏ်ရာရသူတွေထဲမှာတော့ အသက် ၂ နှစ်အရွယ်ကနေ ၅၅ နှစ်အရွယ် အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၅ ဦး ပါဝင်။
မိုးကြီးနေတာကြောင့် ဧရာဝတီမြစ်ကမ်း နဲ့ ဒုဋ္ဌဝတီမြစ်ကမ်းဘေးတလျှောက် ကျေးရွာတွေမှာ ရေကြီးရေလျှံနေဟုဆို။