ချင်းပြည်နယ် မင်းတပ်မြို့ကို တွေ့ရစဉ်

မင်းတပ်မှာ တိုက်ပွဲပြင်းထန်၊ မိုးမောက်အုပ်ချုပ်ရေးရုံး ဗုံးပေါက်ကွဲ

မင်းတပ်မြို့မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ CDF နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လူနေမြို့ထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဝန်ထမ်းအိမ်ယာပေါ် ကျရောက်ပေါက်ကွဲတာတွေရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

AAC အဖွဲ့က ဦးရဲမင်းကို NUGအစိုးရက ထိုင်းနိုင်ငံဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေး တာဝန်ခံခန့်အပ်

2021-05-14

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ AAC မဟာမိတ်အဖွဲ့က အထွေထွေတာဝန်ခံ ဦးရဲမင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ကြီးဌာနက ထိုင်းနိုင်ငံဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေးတာဝန်ခံအဖြစ် ခန့်အပ်လိုက်ပါတယ်။

KNU ဥက္ကဋ္ဌ ကြေညာချက် ဗဟိုကော်မတီဝင်အများစု လက်မခံဟု KNU ခေါင်းဆောင်တဦး ပြောကြား

2021-05-14

KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး က လက်ရှိပြဿနာတွေကို NCA စာချုပ်အတိုင်း ဆွေးနွေးအဖြေရှာဖို့ သဘောထားရှိတယ်လို့ ထုတ်ပြန်ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး အမည်မဖော်လိုတဲ့ KNU ထိပ်တန်းခေါင်းဆောင်တဦးက ဒီကိစ္စကို ဗဟိုကော်မတီဝင် အများစုက လက်ခံခြင်းမရှိပါဘူး။ နွေဦးတော်လှန်ရေးကို KNU က အပြည့်အဝ ထောက်ခံပြီး အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ RFA ကို ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံအခြေအနေအပေါ် ကမ္ဘာ့ဘဏ်သုံးသပ်နေဆဲ

2021-05-14

ကမ္ဘာ့ဘဏ်အနေနဲ့ အဖွဲ့ရဲ့ မူဝါဒ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို သုံးသပ်နေဆဲဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်အဖွဲ့ ပြောခွင့်ရှိသူက RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မန္တလေးဆန္ဒပြပွဲမှာ ဖမ်းဆီးခံရတဲ့ ကျူရှင်ဆရာတစ်ဦး စစ်ဆေးရုံမှာ သေဆုံး

2021-05-14

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၅၈ လမ်း ၂၄ လမ်းမှာ အခုလ မေ ၂ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲ ဖြိုခွင်းခံရစဉ် ဖမ်းဆီးခံလိုက်ရတဲ့ အသက် ၄၀ အရွယ် မြန်မာစာပြ ကျူရှင်ဆရာ ဦးကျော်ကျော်ဦးဟာ ပြင်ဦးလွင် စစ်ဆေးရုံမှာ သေဆုံးသွားတဲ့အတွက် ဒီကနေ့ မိသားစုတွေက ရက်လည်ဆွမ်းသွပ်ခဲ့ပါတယ်။

PDF စခန်းရှိတယ်ဆိုပြီး စစ်ကောင်စီက တန့်ဆည်မြို့မှာ နေ့စဉ်ရှာဖွေဖမ်းဆီးစစ်ဆေး

2021-05-13

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်အတွင်းမှာ မေလ ၁၀ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီက စစ်ကားကို နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မဟာမြိုင် မယ်တော်ကြီးကွေ့ မှာ လက်လုပ်မိုင်းခွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က သုံးဦးသေဆုံးပါတယ်။

စစ်ကောင်စီကို ပြည်သူတွေ ရရာလက်နက်နဲ့ ပြန်တော်လှန်

2021-05-13

စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ ဆန္ဒပြပွဲတွေနဲ့ ဆန္ဒပြပြည်သူတွေကို စစ်ကောင်စီလက်နက်ကိုင်တွေက အကြမ်းဖက် ရက်ရက်စက်စက် နှိမ်နှင်းလာတဲ့အခါ ပြည်သူတွေဟာ ရရာလက်နက်ကိုင်စွဲပြီး ခုခံတော်လှန်နေကြပါပြီ။

CDM ဝင်တဲ့ အခြေခံပညာ ဆရာ၊ ဆရာမတွေကို စစ်ကောင်စီက ယာယီရပ်ဆိုင်းစာထုတ်

2021-05-13

စစ်ကောင်စီက သူတို့အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အတွက် တာဝန်က ယာယီ ရပ်ဆိုင်းတဲ့ CDM အခြေခံပညာ ဆရာ ဆရာမ စာရင်းတွေကို မနေ့က စပြီး ထုတ်ပြန်နေပါတယ်။ အဲဒီစာရင်းအရ တပြည်လုံးမှာ အခြေခံ ဆရာ ဆရာမ တစ်သိန်းကျော်ကို ယာယီရပ်ဆိုင်း တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပေမယ့် အမှန်တကယ် CDM ဝင်နေတဲ့ အရေအတွက်က အဲဒီ ထုတ်ပြန်ဦးရေထက် အများကြီးပိုပါတယ်လို့ ဆရာ ဆရာမတွေက ပြောပါတယ်။

စစ်တပ်ထုတ်ကုန် မြန်မာဘီယာ ရောင်းအား အကြီးအကျယ် ကျဆင်း

2021-05-13

စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ထုတ်ကုန်တခုဖြစ်တဲ့ မြန်မာဘီယာရောင်းအား ၄၆ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ မေလ ၁၂ ရက်နေ့က ထုတ်ပြန်တဲ့ ဂျပန်အဖျော်ယမကာ ကုမ္ပဏီ Kirin ရဲ့ ၂၀၂၁ ခုနှစ် ပထမလေးလပတ် ဘဏ္ဍာရေးရလဒ်မှာ ဖော်ပြထားပါတယ်။

မြို့မတူရိယာအသင်း စစ်ကောင်စီအတွက်ဖျော်ဖြေမယ်လို့ သတင်းတွေထွက်

2021-05-13

မန္တလေးမြို့က နာမည်ကျော် မြို့မတူရိယာအသင်းဟာ စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုကို မလွန်ဆန်နိုင်လို့ စစ်တပ်အတွင်းက ခန်းမတခုဖွင့်ပွဲအတွက် ဖျော်ဖြေဖို့ လက်ခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့မအသင်းနဲ့ နီးစပ်သူတဦးက RFA ကို အတည်ပြုချက်ပေးပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ မင်းတပ်မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာ

2021-05-13

ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးဒေသအဖြစ် မေလ ၁၃ ရက်နေ့မှာ စစ်ကောင်စီက အမိန့်ထုတ် ကြေညာလိုက်ပါတယ်။ မင်းတပ်မြို့မှာ စစ်အုပ်ချုပ်ရေး ကျင့်သုံးဖို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးကို တာဝန်ပေးအပ်လိုက်ကြောင်းလည်း စစ်ကောင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးရဲ့ အမိန့်စာမှာ ပါရှိပါတယ်။

မင်းတပ်တိုက်ပွဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့က တစ်ဦးသေဆုံး၊ ခုနစ်ဦးဒဏ်ရာရ

2021-05-13

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှာ စစ်ကောင်စီနဲ့ မင်းတပ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ CDF တို့အကြား မနေ့က မေလ ၁၂ ရက်နေ့ ညပိုင်းကနေ ဒီနေ့မေလ ၁၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် RFA က ဆက်သွယ် မေးမြန်းချိန်အထိ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်နေပြီး CDF အဖွဲ့ဘက်က တစ်ဦးကျဆုံးပြီး ခုနစ်ဦးခန့်ဒဏ်ရာ ရရှိထားတယ်လို့ မင်းတပ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ CDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

တလုပ်မြို့ရွာက ဖမ်းဆီးခံကျောင်းသား စစ်ကြောရေးမှာ သေဆုံး၊ ချောင်းဦးမှာ တိုက်ပွဲဖြစ်

2021-05-13

မန္တလေးတိုင်းက တလုပ်မြို့ကျေးရွာမှာ မနေ့က အမျိုးသမီး တစ်ဦးပါအဝင် လူငယ်ကျောင်းသား ခြောက်ဦး သေနတ်ဒဏ်ရာနဲ့ အဖမ်းခံခဲ့ရတဲ့အထဲက မြင်းခြံနည်းပညာကောလိပ်ရဲ့ ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင် ပထမနှစ် ကျောင်းသား ကိုဇင်ကိုထွန်းဟာ ဆေးကုသခွင့်မရပဲ ရိုက်နှက်စစ်ဆေးခံရတာကြောင့် စစ်ကြောရေးမှာပဲ သေဆုံး သွားပါတယ်။ ဒီနေ့မနက်ကလည်း ချောင်းဦးက Gen Z လူငယ်တွေရဲ့နေရာကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး လူငယ် တစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

အာဏာသိမ်းမှုဂယက် ရခိုင်ဒေသစီးပွားရေး ဆိုးဆိုးဝါးဝါး ထိခိုက်

2021-05-13

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ပတ်သက်လို့ ဆန္ဒပြတာတွေ၊ ပဋိပက္ခတွေ မရှိပေမယ့် အာဏာသိမ်းမှုရဲ့ ဂယက်ကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက် လာနေသလို စီးပွားရေးကဏ္ဍမှာလည်း ၈၀ ရာခိုင်နှုန်းလောက်အထိ ကျဆင်း သွားတယ်လို့ ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

ပျူစောထီးဆိုတာ ဘယ်သူတွေလဲ၊ သူတို့ ဘာတွေလုပ်နေလဲ

2021-05-12

လတ်တလောကာလအတွင်း ပျူစောထီးအဖွဲ့ဆိုပြီး ပြည်သူတွေကို အရပ်ဝတ်နဲ့ လိုက်လံဖမ်းဆီးနေတဲ့ လက်နက်ကိုင်အဖွဲ့တခု ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီ အဖွဲ့မှာ တပ်မတော်အငြိမ်းစားတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေ၊ အရင် မဘသ အဖွဲ့ဝင်တွေနဲ့ ရပ်ကွက်ထဲက ဒလန်သူလျှိုတွေ ပါဝင်တယ်လို့ သတင်းထွက်ပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကလည်း သူတို့ကို ဦးစားပေး ရှင်းလင်းသုတ်သင်မယ်လို့ ပြောပါတယ်။

ပရဟိတ အမှောင်ခေတ်

2021-05-11

မြန်မာနိုင်ငံအတွင်း လူမှုကူညီရေး စေတနာ့ဝန်ထမ်း လုပ်ကိုင်နေကြတဲ့ အဖွဲ့ အစည်းတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လွတ်လပ်လပ်ကူညီခွင့်တွေ မရတော့ဘဲ တရားမဝင် မြေအောက်အဖွဲ့အစည်းတွေလို လှုပ်ရှားနေကြရပါတယ်။ စားဝတ်နေရေးခက်ခဲလာသူတွေကို ကူညီကြတဲ့သူတွေလည်း ဖမ်းဝရမ်းထုတ်ခံရတာ၊ ကူညီမှုတွေ လုပ်ခွင့်မပေး တာတွေ ကြုံနေရပါတယ်။

တိုင်ပေ-မြန်မာလမ်းပေါ်က ကြွေးကြော်သံများ

2021-05-11

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းတာကို အလိုမရှိကြောင်း သတ်ဖြတ်တာတွေ ချက်ခြင်းရပ်ဖို့ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့တော်၊ မြန်မာလမ်းမှာ ကြွေးကြော်နေ ကြပါတယ်။ သတ်ဖြတ်တာတွေ ချက်ခြင်းရပ်၊ ဆိုတဲ့ အသံတွေ ညံနေပါတယ်။ အမိမြေက နွေဦးတော်လှန်ရေးကို ထိုင်ဝမ်ရောက် မြန်မာတွေ ပါဝင်နေကြတာပါ။

KNU ဥက္ကဋ္ဌ စစ်ကောင်စီနဲ့ဆွေးနွေးလိုမှုအပေါ် တုံ့ပြန်ချက်များ

2021-05-10

KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးက လက်ရှိမှာ နိုင်ငံရေးပြဿနာကို လက်နက်ကိုင် နည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးစားနေကြတာကို ဝမ်းနည်းဖွယ် တွေ့မြင်နေရတယ်။ သူတို့ အဖွဲ့အနေနဲ့ NCA မူဘောင်အတိုင်း တွေ့ဆုံဆွေးနွေးရေးကို ဆက်လက် ဆောင်ရွက်မယ်လို့ မေလ ၁ဝ ရက်နေ့ မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာကို အာရှနိုင်ငံတွေက စီးပွားရေးပိတ်ဆို့ဒဏ်ခတ်နိုင်တဲ့ အလားအလာနည်းပါး

2021-05-06

၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းတာနဲ့ ဆက်စပ်လို့ စစ်ဗိုလ်ချုပ်တွေကို အနောက် နိုင်ငံတွေက ပစ်မှတ်ထား အရေးယူပြီး စစ်တပ်နဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေကို ပိတ်ဆို့ဒဏ်ခတ်ပေမဲ့ အာရှနိုင်ငံ တွေက စစ်ကောင်စီကို အရေးယူမယ့် အနေအထားမှာ မရှိနိုင်ဘူးလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

ကပ်ရောဂါနဲ့ အာဏာသိမ်းမှုကြားက မြန်မာပြည်သူတွေရဲ့ ဘဝ

2021-05-06

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ ၃ လကျော်ခဲ့ပါပြီ။ ဒီကာလအတွင်းမှာပဲ ကိုဗစ်ရိုက်ခတ်မှုဒဏ်နဲ့ စစ်အာဏာသိမ်းမှုအပြီး နိုင်ငံရေး အခြေအနေတွေကြောင့် ပြည်တွင်းမှာ အလုပ်လက်မဲ့ဖြစ်သူဦးရေ တိုးလာနေပါတယ်။

အာဏာရှင်တိုက်ပွဲက အရေးကြီးတဲ့ ပြောက်ကျားစစ်

2021-05-06

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းလိုက်ပြီး နောက်ဆက်တွဲဖြစ်ပွားလာတဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေက စာသင်ခန်းထဲနေရမယ့် လူငယ်တွေ၊ အကြမ်းမဖက်တဲ့ နည်းနဲ့ မတရားမှုကို ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ လူငယ်ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေနဲ့ ဝန်ထမ်းတွေ လက်နက်ကိုင်မယ့်လမ်းကို ရွေးချယ်ဖို့ တွန်းပို့လိုက်ပါတယ်။

စစ်ကောင်စီရဲ့ ဓားစာခံဖမ်းဆီးမှုများ

2021-05-06

စစ်တပ်က အာဏာသိမ်းပြီးနောက် အသေအပျောက် အဖမ်းအဆီးစာရင်းတွေကို မှတ်တမ်းတင်နေတဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ ကနဦးစာရင်းအရ ဓားစာခံအဖြစ် ဖမ်းဆီးခံရတဲ့သူ အယောက် ၄၀ ကျော်ရှိ နေပါတယ်။

တိုင်းရင်းသားဘာသာဗီဒီယိုများ
ethinc-video-thumbnail


ChinaReach_thumb

ဘာသာရေး၊ လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး ပုတ်ခတ်တိုက်ခိုက်မှု၊ ရိုင်းစိုင်းတဲ့အသုံးအနှုန်း၊ ရှည်လျားတဲ့မှတ်ချက်များကို လက်ခံမည်မဟုတ်ပါ။

အယ်ဒီတာ့အကြိုက်

View Full Site